Homeမြန်မာသတင်း
လုံခြုံရေးတပ်ဖွဲ့ဝင်များ လူ့အခွင့်အရေးချိုးဖောက်လျှင် မြန်မာတရားရုံးများတွင် တရားစွဲနိုင်ဟု အစိုးရ ပြော
လုံခြုံရေးတပ်ဖွဲ့ဝင်များ လူ့အခွင့်အရေးချိုးဖောက်လျှင် မြန်မာတရားရုံးများတွင် တရားစွဲနိုင်ဟု အစိုးရ ပြော
DVB
·
March 26, 2017
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရခိုင်မှာ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ခိုင်လုံရင် မြန်မာနိုင်ငံက တရားရုံးတွေမှာလာပြီး တရားစွဲနိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ မြန်မာကို ချက်ချင်း စေလွှတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်တဲ့ ကြေညာချက်မှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
‘‘စွပ်စွဲမှုများသည် ခိုင်လုံမှု ရှိပါက သက်သေများအား နိုင်ငံတကာ၏ ကာကွယ်စောင့်ရှောက် မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်စေပြီး တရားရုံးများ၌ ဥပဒေနှင့်အညီ အမှုဖွင့်တရားစွဲ ဆိုနိုင်ရေးကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်’’
မြန်မာနိုင်ငံကို ကုလက လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်မယ့်ကိစ္စကိုလည်း အစိုးရက လက်မခံ ပယ်ချခဲ့ပြီးလည်း ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှာ ထွက်ပေါ်ခဲ့တဲ့ ကုလသမဂ္ဂဒုကသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ မောင်တောဒေသတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လေးလကြာ နယ်မြေရှင်းလင်းမှုအတွင်း လူပေါင်း ရာနဲ့ချီ အသတ်ခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံကို လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့စေလွှတ်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်သူ မစ္စ ယန်ဟီးလီ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်အပါ အ၀င် နိုင်ငံတကာက မတ်လ ၂၄ ရက်မှာ တောင်း ဆိုခဲ့ကြတာ ဖြစ်ပါတယ်။