ကလေးမြို့တွင် ကြောက်မက်ဖွယ် လေပြင်းတိုက် (ရုပ်သံ)
DVB
·
March 25, 2017
by dvburma စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဒီကနေ့ မွန်းလွဲပိုင်း၂ နာရီဝန်းကျင်လောက်က ရုတ်တရက် လေပြင်းတွေတိုက်ခတ်ပြီး မိုးရွာသွန်းမှုတွေဖြစ်ပွားခဲ့ပါတယ်။ လေပြင်းတွေတိုတ်ခတ်တာကြောင့် မြို့ပေါ်ရပ်ကွက်အချို့မှာရော ကလေးမြို့အနီးနားက ကျေးရွာတွေမှာ လူနေအိမ်တွေအမိုးတွေလန်ကာ ပျက်စီးသွားတယ်လို့ ကလေးခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက ဦးမြတ်ဇော်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏ ဘယ်လောက်ရှိတယ်ဆိုတာနဲ့ လူတွေ ထိခိုက်ဒဏ်ရာရမှု ရှိမရှိတော့ မသိရသေးပါဘူး။ ရုပ်သံ - ကလေးမြို့မီဒီယာ