ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကိစ္စ မော်လမြိုင်မြို့တွင်ဒေသခံထောင်ချီကန့်ကွက်ဆန္ဒပြ
DVB
·
March 19, 2017
သံလွင်တံတား (ချောင်းဆုံ) ကို `ဗိုလ်ချုပ်အောင်ဆန်းတံတား´ အမည် သတ်မှတ်ပေးဖို့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်တဲ့အပေါ် မော်လမြိုင်မြို့မှာ ဒီကနေ့ ဒေသခံတွေ ထောင်နဲ့ချီပြီး ဆန္ဒပြကြပါတယ်။
မော်လမြိုင်-ချောင်းဆုံဆက်သွယ်တဲ့ တံတားအမည်ပြောင်းလဲမှုနှင့် ပြည်သူ့လွှတ်တော်မှာ အဆိုတင်မဲခွဲဆုံးဖြတ်တဲ့ လုပ်ရပ်အပေါ် မွန်တမျိုးသားလုံး အသွင်နဲ့ ကန့်ကွက်လှုပ်ရှားမှုကို ပြုလုပ်တာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ တိုင်းရင်းသားချစ်ကြည်ရင်းနှီးရေး၊ နယ်မြေတိုင်းရင်းသား ဆန္ဒအသိအမှတ်ပြုရေး၊ တိုင်းရင်းသားဆန္ဒနဲ့မညီတဲ့လုပ်ရင် ချက်ချင်းရပ် ဆိုပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။