YBS အမှတ် ၇ လိုင်း ယာဉ်တိုက်မှုဖြစ်
DVB
·
March 15, 2017
တောင်ဒဂုံကနေ ဆူးလေသို့ပြေးဆွဲနေတဲ့ YBSအမှတ် ၇ ယာဉ်လိုင်းက ဒီနေ့ မနက်ပိုင်း ဂိတ်စမှစပြီး အပြိုင်လုမောင်းရာက ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့် မီးပွိုင့်ကိုမီးနီ ဖြတ်ကျော်ရာက မေရှောပင်းစင်တာ ပေါ်တီခုံအမိုးကို ၀င်ရောက်တိုက်ပြီး အငှားယာဉ်ကို ထပ်မံတိုက်ခိုက်ပြီး ယာဉ်မောင်းနဲ့ စပယ်ရာတို့ ထွက်ပြေးသွားပြီး ခရီးသည်အချို့ ဒဏ်ရာများရရှိခဲ့ ပါတယ်။