သေဒဏ်ကျခံနေရသည့် ဝင်းနှင့်ဇော် လွတ်မြောက်ရေး ထိုင်းသံရုံးရှေ့ဆန္ဒပြ (ဓာတ်ပုံ)
ဇေယျာချမ်းအေး
·
March 13, 2017
ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ လွတ်မြောက်ရေး ဆုတောင်းဆန္ဒပြပွဲကို ထိုင်းသံရုံးရှေ့မှာ မတ် လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဆုတောင်းပွဲကို တက်ရောက်လာတဲ့ သံဃာတော်တွေက ထိုင်းဘုရင်ကို မေတ္တသုတ် ရွတ်ဆိုပြီး သက်တော်ရာကျော်ရှည်ဖို့ ဆုတောင်းခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ သေဒဏ်ကျခံထားရတဲ့ ဝင်းနဲ့ဇော်တို့ဟာ ပြစ်မှုကျူးလွန်ထားခြင်းမရှိဘူးလို့ ဆန္ဒပြသူတွေက ယုံကြည်နေကြတာ ဖြစ်ပါတယ်။ သူတို့လွတ်မြောက်ရေးအတွက် အစိုးရက တစုံတရာ မဆောင်ရွက်ပေးနိုင်တဲ့အတွက်လည်း အားမလိုအားမရ ဖြစ်ရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။