၆၈ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ် တက်ရောက်
DVB
·
March 13, 2017
၆၈ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို မတ်လ ၁၂ ရက်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း-၃၀၊ ၈၂×၈၃ လမ်းကြားရှိ ဖူးကျင့်ဘုံကျောင်းခန်းမမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဝန်ကြီးတွေ၊ တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခွန်ကျော်ဦး၊ မန္တလေး အခြေစိုက် တိုင်းရင်းသားအသင်းအဖွဲ့တွေက တာဝန်ရှိသူတွေ မန္တလေးမြို့နေ ပအိုဝ်း တိုင်းရင်းသူ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြပါတယ်။
ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာတို့က ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားကာ အမှတ်တရ လက်ဆောင်တွေ ပေးအပ်ပြီး ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကနဲ့ ခေတ်ပေါ်ပအိုဝ်းသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပါတယ်။
ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို မန္တလေးမှာ ကျင်းပတာ အကြိမ်၂၀ ရှိခဲ့ပြီဖြစ်ပါတယ်။
ဓာတ်ပုံ - ခွန်ရာဇာ