Home
မြန်မာသတင်း
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲပြုလုပ်
DVB
·
March 10, 2017
တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကြီးကို တအာင်း(ပလောင်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အထက်မန်လွယ်ကျေးရွာမှာ ပဋ္ဌာန်းရွက်ဖတ်ပူဇော်ပွဲအပါအဝင် မတ်လ ၆ ရက်မှ ၁၁ အထိ ၆ ရက်တိုင်တိုင် ကျင်းပလျက်ရှိနေပါတယ်။ “လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တအာင်းဒေသတွေမှာ တိုက်ပွဲတွေက ပိုပြင်းထန်လာ နေတယ်။ လူထုတွေလည်း စစ်ဘေးဒုက္ခသည် ပိုပိုများလာတယ်။ စီးပွားရေးတွေလည်း တဖြည်းဖြည်း ကျလာတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ လက်မခံတဲ့အထဲမှာ ဒီတအာင်းအဖွဲ့က ပါနေတယ်။ အဲဒီတော့ ငြိမ်းချမ်းရေး မရနိုင်ဘူး။ အဲဒါကြောင့်ပဲ ဒီငြိမ်းချမ်းအရေး ဆုတောင်ပွဲ လုပ်တာပါ။” လို့ ပွဲစီစဉ်သူ မိုင်းမျိုးအောင်က ပြောပါတယ်။ အဆိုပါပွဲမှာ မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီကျော်တွင် စတင် ကျင်းပခဲ့ပြီးတော့ တက်ရောက်သူ တိုင်းရင်းသား အားလုံး ရိုးရာဝတ်ဆုံနဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့ကြပြီးတော့ ဘုန်းကြီးတွေကလည်း မေတ္တာပို့ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဆုတောင်းပွဲနဲ့ ပဋ္ဌာန်းရွက်ပူဇော်ပွဲကို ရှမ်း၊ လီဆူ၊ ကချင်၊ ရခိုင်နဲ့ ကရင် စုစုပေါင်းလူဦးရေ ၁၅၀၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ “ဘယ်လိုတိုက်ပွဲပဲ ဖြစ်ဖြစ် ကျနော်တို့ မလိုလားဘူး။ အဲဒီလိုမဖြစ်ဖို့လည်း ပြည်သူအားလုံး ပါဝင်ဖို့လိုတယ်။ ငြိမ်းချမ်းရေးရဖို့ ပြည်သူတွေက တွန်းအားပေးရမယ်။ ဒေသခံပြည်သူတွေ စစ်ကို ဆန့်ကျင်ပြီးတော့ ငြိမ်းချမ်းရေးရဖို့ အားလုံးကို ပါဝင်တိုက်တွန်း ပေးပါလို့ပြောချင်ပါတယ်။” လို့ မိုင်းမျိုးအောင်က ဆက်ပြောပါတယ်။ AA၊ MNDAA ၊ TNLA တို့ကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဖိတ်ခေါ်ရန်မရှိကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုခဲ့ပါတယ်။ နမ့်ဆန်ဒေသမှာ ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်နေပေမယ့် ကိုးကန့်ဒေသမှာ တကျော့ပြန် စစ်ပွဲတွေက ပြင်းထန်လျက်ရှိနေပါတယ်။ သတင်း - နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024