ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ရာတွင် အစိုးရကားများ အသုံးမပြုရန် ဦးဝင်းထိန် ပြော
DVB
·
March 6, 2017
လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ရာမှာ အစိုးရကားတွေ အသုံးမပြုရဘူးလို့ အန်အယ်လ်ဒီပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
မတ်လ ၅ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောတာပါ။
ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးဆင်းတဲ့အခါမှာ လွှတ်တော်တော့ မဟုတ်ဘူး။
အစိုးရအဖွဲ့မှာ ပါတဲ့လူတွေ ရွေးကောက်ပွဲဆင်းရင် အစိုးရကား မသုံးရဘူးလို့ ပြောထားပြီး တိုင်တာတောတာ သိပ်များတာပဲလို့ ဆိုပါတယ်။