Home
ရုပျသံ
ပုဂံ-ညောင်ဦး ဘုရားဖူးယာဉ်တစီး မီးလောင်မှုဖြစ်ပွား (ရုပ်သံ)
DVB
·
March 4, 2017
နေပြည်တော်က ပုဂံညောင်ဦးကို ဘုရားဖူးထွက်ခွာလာတဲ့  ခရီးသည်တင်ယာဉ်တစီးဟာ မတ်လ ၄ ရက် မနက် ၆ နာရီလောက်က ဘရိတ်ရှူးငြိပြီး အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ပါ တယ်။ ယာဉ်မောင်း ဦးအေးမောင် မောင်းနှင်လာတဲ့ ယာဉ်အမှတ် 8H-6930ဘုရားဖူးယာဉ်ဟာ  မိထ္တိလာ ကျောက်ပန်းတောင်းလမ်း အင်တောကျယ်ကျေးရွာနဲ့ ကျောက်ပန်းတောင်းမြို့အ၀င်မှာ ယာဉ်ရဲ့ ညာနောက်ဘီး ဘရိတ်ရှူးခြမ်းငြိလို့ ပြုပြင်ဖို့ ခရီးသည်တွေကို တခြားကားတစ်စီးပေါ် ပြောင်းရွှေ့ပြီး နာရီဝက်ခန့်အကြာမှာ ယာဉ်ရဲ့ အနောက်ဘက်ခြမ်းကနေ စတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကို ကျောက်ပန်းတောင်းမီးသတ်တပ်ဖွဲ့စခန်းနှစ်ခုမှ မီးသတ်ယာဉ် ၄ စီး သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၂၀ လောက်နဲ့ ငြှိမ်းသက်ခဲ့ပါတယ်။ အဆိုပါမီးလောင်မှုကြောင့် ကာလတန်ဖိုး ၃ သောင်းဖိုးလောက် ပျက်စီးခဲ့ရပြီး တဦးတယောက်မှ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024