ထိုင်း-မြန်မာနှစ်နိုင်ငံ Water Scooter စီးနှင်းသရုပ်ပြပွဲ ပြုလုပ်
DVB
·
February 26, 2017
ကော့သောင်းမြို့ မြို့မတံတားရှေ့မှာ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ခရီးသွားမြှင့်တင်တဲ့အနေနဲ့ jetski Water Scooter စီးနှင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
နယ်မြေခံခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Grand Andaman Travel & Tour Co, Ltd က စီစဉ်တာဖြစ်ပြီး မြန်မာနဲ့ ထိုင်းတို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
Jetski (Water Scooter) စီးနင်းသရုပ်ပြအစီအစဉ်ကို မြို့မဗောတံတားအရှေ့ ပါချန်ပင်လယ်ပြင်အတွင်း Water Scooter တွေ စီးနှင်းသရုပ်ပြသခဲ့ပါတယ်။
သရုပ်ပြစီးနင်းမှု အစီအစဉ်ကို ထိုင်းနိုင်ငံ YAMAHA ကုမ္ပဏီက Water Scooter ၂၂စီးနဲ့ စီး နင်းသရုပ်ပြသသူ အယောက် ၄၀ က ကော့သောင်းခရိုင် အက်ဒမန်ပင်လယ်ပြင်အတွင်းရှိ ကျွန်းပတ်ဝန်းကျင်တွေအထိ တနေ့တာ စီးနင်းသရုပ်ပြသတာ ဖြစ်ပါတယ်။
အစီအစဉ်ကို အာဆီယံမိသားစုဝင် နိုင်ငံတွေကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲရေး၊ နှစ်နိုင်ငံ နယ်စပ် ခရိုင်တွေက ပြည်သူတွေ အပြန်အလှန် ခရီးသွားလာမှုလုပ်ငန်း၊ နယ်စပ်ကုန်သွယ်မှု လုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - လတ်ကိုကို