ပူတာအိုဒေသ မူလာရှီးဒီချောင်းထဲ ရေခဲငါးဖမ်းကြသူများ (ဓာတ်ပုံ)
DVB
·
February 23, 2017
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုဒေသ မူလာရှီးဒီ ရေခဲချောင်းအတွင်းမှာ တွေ့ရတဲ့ ငါးမျိုးစိတ်တခုဖြစ်တဲ့ ဒေသခံအခေါ် ရေခဲငါးမျိုးတွေကို ဒေသခံတံငါသည်တွေက ဖမ်းယူပြီး ပူတာအိုဈေးမှာ ရောင်းချကြပါတယ်။
ရေခဲငါးတွေဟာ ရေခဲတမျှအေးမြတဲ့ ရေထဲမှာသာ နေထိုင်တတ်ကြတဲ့အတွက် ရေခဲတောင်ကို မြစ်ဖျားခံ စီးဆင်းလာတဲ့ ပူတာအိုက မူလာရှီးဒီချောင်းအတွင်းမှာသာ တွေ့ရှိရတာပါ။
ပူတာအိုဈေးအတွင်းမှာတော့ ငါးတွေကို ပိဿာချိန်နဲ့ ရောင်းချတာမျိုးမဟုတ်ဘဲ အတွဲလိုက် ရောင်းချတတ်ကြပါသည်။
ပူတာအို၊ မချမ်းဘော ဒေသခံတံငါသည် အများစုကတော့ တခြားငါးတွေထက် ဈေးနှုန်းပိုမိုရရှိတဲ့အတွက် ရေခဲငါးဖမ်းတာကို လုပ်ကိုင်ကြတာလို့ သိရပါတယ်။