ရေးမြို့တွင် နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ
DVB
·
February 12, 2017
မွန်ပြည်နယ် ရေးမြို့ လွတ်လပ်ရေးကျောက် တိုင်ကွင်းမှာ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီက နှစ် ၇၀ မြောက်ပြည်ထောင်စုနေ့ အခမ်းအနားမှာ နိုင်ငံတော်အလံနဲ့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြု အလေးပြုကြပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့လာတဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်အုပ် ချုပ်ရေးမှူး ဦးတင်ညွှန့်က ဖတ်ကြားပေးခဲ့ပါတယ်။
အခမ်းအနားမှာ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မီးသတ် တပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ ဆရာဆရာမ ကျောင်းသား ကျောင်းသူတွေနဲ့ မိဘပြည်သူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
နေမျိုးထွဋ်(ရေး)