လွှတ်တော်ကိုယ်စားလှယ်တာဝန်က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေရေးဆွဲပြီး
DVB
·
February 6, 2017
လွှတ်တော်ကိုယ်စားလှယ်တာဝန်က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲပြီး ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က “ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးထားတဲ့ အချက်တွေကို သေချာစိစစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်က ရေးဆွဲပီးပါပြီ။ ဥပဒေက ကိုယ်စားလှယ်တွေနဲ့ပဲ သက်ဆိုင်တာဖြစ်တဲ့အတွက် လွှတ်တော်တင်တဲ့အခါ အရင်လို အကြာကြီးမဆွေးနွေးရအောင် အပြင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရင်ဆွေးနွေး အတည်ပြုပြီးမှ လွှတ်တော်ကို တင်ပြဖို့ စီစဉ်ထားပါတယ်”လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက် ပြည်သူ့လွှတ်တော်မှာ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး တင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေအား ပြဌာန်းပေးရန် အစီစဉ် ရှိ/မရှိ အဆိုနဲ့ ပတ်သတ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုယ်စား ဦးအောင်မြင့်က ပြန်လည်ဖြေကြားခဲ့တာပါ။
သတင်း - အောင်ဆန်းဦး