ငြိမ်းချမ်းရေးပန်းခင်း အနုပညာပွဲတော် မုံရွာတွင် ကျင်းပမည်
DVB
·
February 5, 2017
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေ ရပ်တန့်စေဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးပန်းခင်း အနုပညာပွဲတော်ကို လာမယ့် ဖေဖော်ဝါရီ ၆ ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မြစန္ဒာခန်းမမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
အဲဒီပွဲကို မုံရွာ၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်မှ ကျောင်းသား/သူများ၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသား/သူများနှင့် ငြိမ်းချမ်းရေး လိုလားသူတွေက စုပေါင်းကျင်းပကြတာဖြစ်ပါတယ်။
ဒီပွဲမှာ ၈၈ ငြိမ်း/ပွင့်မှ ကိုမင်းကိုနိုင်ရဲ့ သစ်ခွပန်းခူးကဗျာ အော်ပရာ၊ ရှမ်းတိုင်းရင်းသား တက္ကသိုလ်ကျောင်းသားတွေရဲ့ ရှမ်းရိုးရာ အိုးစည်အက၊ ချင်းတိုင်းရင်းသား တက္ကသိုလ် ကျောင်းသားတွေရဲ့ ဝါးညှပ်အက၊ ကချင်တိုင်းရင်းသား တက္ကသိုလ် ကျောင်းသားတွေရဲ့ ကချင်ရိုးရာအက၊ တကသ ကျောင်းသားတွေရဲ့သံချပ်တွေအပြင် နာမည်ကြီး တေးသံရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
ဝင်ကြေးအနေနဲ့ ၅၀၀၀ ကျပ်တန်း၊ ၁၀၀၀၀ ကျပ်တန်းတွေခွဲခြားထားပြီး လက်မှတ်တွေ လှည့်လည်ရောင်းချကာ လှုံ့ဆော်မှုတွေလည်း ပြုလုပ်နေကြပါတယ်။
ဒီပွဲက ရရှိလာတဲ့ ငွေတွေကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးသွားမယ်လို့ ပွဲစီစဉ်သူ ကိုအောင်နေမျိုးက ဒီဗွီဘီကို ပြောပါတယ်။
သတင်းဓာတ်ပုံ - အေင်ကိုလတ်