Home
မြန်မာသတင်း
ရှေ့နေ ဦးကိုနီ အကြမ်းဖက်သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ကိုဖီအာနန် ပြော
DVB
·
February 2, 2017
လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေသူတွေအပေါ် အကြမ်းဖက်ခြင်းဟာ စက်ဆုပ်ဖွယ်ကောင်းပြီး ပြင်းထန်စွာရှုတ်ချကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုဖီအာနန်က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ လူအခွင့်အရေးရှေ့နေ ဦးကိုနီ သေနတ်နဲ့ ပစ်သတ်ခံရမှုနဲ့ သေနတ်ပစ်သူကို လိုက်လုံဖမ်း ဆီးရင်း သေဆုံးခဲ့ရတဲ့ ယာဉ်မောင်း ဦးနေဝင်းတို့ ဖြစ်ရပ်အပေါ် အခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီသတင်းဟာ တုန်လှုပ်စရာဖြစ်သလို ဝမ်းနည်းစရာလည်း ကောင်းတယ်လို့ ဆိုပါတယ်။ ကွယ်လွန်သူတွေရဲ့ မိသားစုတွေနဲ့အတူ ဝမ်းနည်းကြေကွဲရပါကြောင်းလည်း ပြောဆိုထားပါတယ်။ မတူကွဲပြားမှုတွေ ဘယ်လိုပဲ ရှိနေပါစေ၊ အပြန်အလှန် ပြောဆိုဆွေးနွေးခြင်း၊ သည်းခံခြင်းတို့နဲ့သာ ရှေ့ဆက်နိုင်မှာဖြစ်တယ်လို့ ယုံကြည်ကြောင်းနဲ့ အကြမ်းဖက်မှုဟာ အဖြေမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် ဒီဆိုးဝါးလှတဲ့ ရာဇဝတ်မှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကိုဖီအာနန်က တောင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024