ဖားကန့်မြို့အနီး ငလျင်လှုပ်
DVB
·
January 30, 2017
မြန်မာနိုင်ငံပြည်တွင်း ဖားကန့်မြို့အရှေ့မြောက်ဘက် မိုင် ၃၀ လောက်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၃ အဆင့်ရှိ ငလျင်တခု ဒီကနေ့မနက်အစောပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒက ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ မနက် ၄ နာရီ ၆ မိနစ်မှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။