သန်လျင်တံတားပေါ် မော်တော်ယာဉ်တစီး မီးလောင် (ရုပ်သံ)
DVB
·
January 28, 2017
သန်လျင်မြို့နယ်၊ သန်လျင်တံတားပေါ် တိုင်အမှတ် (၈) အနီးမှာ ဒီနေ့ မွန်းတဲ့ ၁ နာရီလောက်က ရေသန့်ဘူးခွံတွေ သယ်ဆောင်တဲ့ လိုက်ထရပ် ကိုယ်ပိုင်ယာဉ်တစီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ကားမီးလောင်တာကို သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သံလျှင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၄ စီးတို့ ငြှိမ်းသတ်ခဲ့နိုင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိကြောင်း မြန်နိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။