ဟုမ္မလင်းမြို့အနီး ငလျှင်လှုပ်
DVB
·
January 18, 2017
ဟုမ္မလင်းမြို့အနီးမှာ ဒီနေ့ မနက်က ၄ ဒသမ ၅ အဆင့်ရှိ ငလျှင်လှုပ်သွားခဲ့တယ်လို့ မြေငလျှင်ဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက် မြန်မာစံတော်ချိန် ၉ နာရီ ၃၃ မိနစ် ၂၁ စက္ကန့် အချိန်မှာ မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက် ၂၁၀ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက် ၃၀ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ တိုင်းထွာရရှိကြောင်း မြေငလျင်ဌာနက ထုတ်ပြန်ထားပါတယ်။