နမ့်ဆန်ပစ်ခတ်မှု ရွာသား ၂ ဦးသေ၊ ၈ ဦး ဒဏ်ရာရ
ခွန်ဇော်ဦး
·
January 13, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဟိုချောင်းကျေးရွာသား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရှိသွားတယ်လို့ သေခံတွေက ပြောပါတယ်။
မနေ့မွန်းလွဲပိုင်းက နမ့်ဆန်ဟိုချောင်းကျေးရွာက ဦးငြိမ်းချမ်းရဲ့ နေအိမ်ကို လက်နက်ကျည်ဆန် ထိမှန်ခဲ့ပြီး ၈ နှစ်အရွယ် ကလေးတဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသားတဦး သေဆုံးသွားခဲ့တာပါ။
သေဆုံးသူတွေဟာ ဦးဇော်မိုး အသက် ၄၀ နှစ်နဲ့ မောင်အောင်ဇော်လတ် အသက် ၈ နှစ်တို့ ဖြစ်ပါတယ်။
ဒဏ်ရာရသူ ၈ ဦးကတော့ လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူဖို့ နမ့်ဆန်ကနေ ဆင်းလာနေပြီလို့ သိရပါတယ်။