ဟင်းသီးဟင်းရွက်နှင့်အလှပန်းပင် ပွဲတော် ကျင်းပ
DVB
·
January 8, 2017
ဟင်းသီးဟင်းရွက်တွေနဲ့ အလှပန်းပင်တွေ ခင်းကျင်းပြသတဲ့ ပန်းပွဲတော်ကို ရန်ကုန်မြို့က မြေပေဒသာကျွန်းမှာ ဇန်နဝါရီ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြသနေပါတယ်။
ဒီပွဲတော်ကို တနိုင်တပိုင် အလှပန်းပင်တွေ စိုက်ပျိုးနေသူတွေအတွက်နဲ့ စီးပွားဖြစ်စိုက်ပျိုးလိုသူတွေအတွက် နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်ဖို့ ရည်ရွယ်တာလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒီပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် AGA ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။
စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က လက်ရှိပြည်တွင်းရဲ့ အလှပန်းစိုက်ပျိုးမှု အခြေအနေမှာ နည်းပညာလိုအပ်ချက်ကြောင့် ပြည်ပတင်ပို့နိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။
ဒီပန်းပွဲတော်မှာ ရာသီပန်းအမျိုး (၂၀)၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ ဟင်းသီးဟင်းရွက် အမျိုးပေါင်း ၂ သောင်းကျော်အပါဝင် အခြားသီးနှံနဲ့ အလှပန်းတွေကို စိုက်ပျိုးပြသထားတာဖြစ်ပါတယ်။