‘ကာတွန်းအဖော် စာဖတ်ပျော်’ ကလေးစာကြည့်တိုက်အစီအစဉ် အမျိုးသားပြတိုက်တွင် ကျင်းပ
DVB
·
January 6, 2017
ကာတွန်းအဖော် စာဖတ်ပျော် ဆိုတဲ့ ကလေးစာကြည့်တိုက်အစီအစဉ်တစ်ခုကို ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ အမျိုးသားပြတိုက် ဘက်စုံခန်းမမှာ ကျင်းပနေပါတယ်။
ဒီအစီအစဉ်ကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်) က ဦးဆောင်ကျင်းပတာဖြစ်ပြီး ကာတွန်းဆရာကြီး တွေ၊ Save the Library စာကြည့်တိုက်များကွန်ရက်၊ သပြေအဖွဲ့၊ ပန်းပျိုးလက်နဲ့ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း တို့က ပူးပေါင်းပါဝင်ပေးကြတာပါ။
ဒီပွဲမှာ ကလေးတွေအတွက် ကာတွန်းပညာရှင်ကြီးတွေရဲ့ ကာတွန်းရေးဆွဲပေးတာတွေ၊ ပုံပြော အစီအစဉ်တွေ၊ ပြဇာတ်အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ဒီအစီအစဉ်ကို အခုလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ နေ့တိုင်း မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။