နှစ်သစ်ကူး ပြည်သူ့ပွဲတော် ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်
DVB
·
December 27, 2016
ဂီတဖျော်ဖြေပွဲတွေနဲ့ ဈေးရောင်းပွဲတွေပါဝင်တဲ့ ပြည်သူ့ပွဲတော် Public Festival ကို လာမယ့် ဒီဇင်ဘာ ၃၀ ကနေ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပသွားဖို့ရှိနေပါတယ်။
ဒီပွဲကို Nine Planets Entertainment ကစီစဉ်တာဖြစ်ပြီး ပွဲတော်မှာ နာမည်ကြီး IC တေးဂီတအဖွဲ့နဲ့ Rock အဆိုတော်တွေ၊ Big Bag ၊ Idoits ၊ Reason တို့အပြင်Rapနဲ့Hip Hop အဆိုတော်တွေ လည်း ပါဝင်သီဆိုကြမှာဖြစ်ပါတယ်။
ဒီပွဲကိုလာရောက်တဲ့ ပရိတ်သတ်တွေကိုလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးနဲ့ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးညီညီက ပြောပါတယ်။