Home
မြန်မာသတင်း
မြန်မာ့သခွားမွှေးနှင့် ဖရဲသီးကို ဒူဘိုင်းနှင့် ရုရှားနိုင်ငံများကို ဈေးကွက်ချဲ့ထွင်မည်
DVB
·
December 26, 2016
  မြန်မာ့သခွားမွှေးနဲ့ ဖရဲသီးတွေကို ဒူဘိုင်းနဲ့ ရုရှားနိုင်ငံတွေကို ဈေးကွက်ချဲ့ထွင်နိုင်ဖို့အတွက် ဆောင်ရွက် နေတယ်လို့  မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် သူများအသင်း(MFVP) က သတင်းရရှိပါတယ်။ အဲ့ဒီလို ပြည်ပဈေးကွက်သစ်တွေကို တိုးချဲ့တင်ပို့နိုင်ဖို့အတွက် လာမယ့် ၂၀၁၇ ဖေဖော်ဝါရီလ အတွင်း ဒူဘိုင်း နိုင်ငံမှာ ပြုလုပ်မယ့် နိုင်ငံတကာ ဖရဲ၊ သခွားပြပွဲမှာ မြန်မာ့ ဖရဲ၊ သခွားတွေကို သွားရောက်ပြသနိုင်ဖို့ ပြင်ဆင်နေ တယ်လို့ MFVP ရဲ့ အတွင်းရေးမှူး ဦးကျော် သူက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံထွက် ဖရဲ၊ သခွားတွေကို  တရုတ်ဈေးကွက် တခုတည်းကိုပဲ အားထား တင်ပို့နေရတဲ့အတွက် တရုတ်ကုန်သည်တွေရဲ့ ဈေးနှိမ်ဝယ်ယူမှုတွေအပါအ၀င် လမ်းခရီး ကြန့်ကြာမှုတွေကြောင့် လေလွင့်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024