Home
မြန်မာသတင်း
မိုးညှင်းတွင် ၁၂ ဘီးယာဉ်က သစ်ပင်ကို ၀င်တိုက်၊ ၁ ဦး သေဆုံး
DVB
·
December 25, 2016
ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး ကားလမ်းမကြီးမှာ ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က ယာဉ်တစီးက သစ်ပင်ကို ၀င်တိုက်မိလို့ လူ ၁ ဦးသေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်မှာ နတ်မောက်မြို့နယ် လက်ခုပ်ပြင်ကျေးရွာနေသူ ယာဉ်မောင်း ကျော်ကြီးမောင်းလာတဲ့ ယာဉ်အမှတ် ၉ခ/၉၈၂၀ ၁၂ ဘီး ယာဉ်ဟာ မော်ဟန်ကျေးရွာ နတ်ကြီကုန်းရပ်ကွက် ယာဘက်လမ်းမကြီးအောက် တောင်အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ သစ်ပင်နဲ့တိုက်မိလို့ ယာဉ်မောင်းကျော်ကြီး ၂၅ နှစ်မှာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။ အခင်းဖြစ်စဉ်ကြောင့် လူ့အသက်သေဆုံးအောင် ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ကျော်ကြီးအား ဒုရဲအုပ်အေးမင်းက (ပ)အမှတ် ယာဉ်(ပ)၂၃/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က တို့နဲ့ တရားလိုပြုကာ မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူ အမှုဖွင့်ဆောင်ရွက်နေကြောင်းသိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024