Home
မြန်မာသတင်း
ဖြူးမြို့တွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်
DVB
·
December 25, 2016
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၁/၃ နဲ့ ၁၄၁/၄ အကြားမှာ ဒီဇင်ဘာ ၂၄ ရက် နံနက် ၆ နာရီအချိန်လောက်က ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့လို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်ကနေ မန္တလေးဘက် ယာဉ်မောင်း ဇော်မျိုးလွင် မောင်းလာတဲ့ 8J/4756 NISSAN ၁၂ ဘီးယာဉ်ကို နေပြည်တော်ကနေ ရန်ကုန်ဘက် ယာဉ်မောင်း ကျော်ဆန်းအောင် မောင်းနှင်လာတဲ့ 2H/4708MITSUBUSHSI CANTER ကယ်ရီယာဘောက် VEN အမျိုးအစားယာဉ်က ဆိုက်ကားတစီးကို ကျော်တက်ရာမှ တဖက်ယာဉ်ကြောက ၁၂ ဘီးယာဉ်ကို မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် ကျော်ဆန်းအောင်နဲ့ ယာဉ်ပေါ်ပါ ဇော်မင်းဌေးတို့ ဒဏ်ရာတွေရရှိခဲ့လို့ ဖြူးမြို့နယ်ဆေးရုံကို တင်ပို့ဆေးကုထားပြီး မစိုးရဘူးလို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြူးမြို့မရဲစခန်းက ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ကျော်ဆန်းအောင်းကို ယာဉ်(ပ)၄၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း ကျော်အောင် ( ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024