နမ့်ဖတ်ကာစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပျောက်ဆုံး
DVB
·
November 30, 2016
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၂ ဦး ပျောက်ဆုံးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပြန်ပါတယ်။
နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ဒုရဲအုပ် မြင့်ဌေးနဲ့ ရဲတပ်ကြပ် လင်းထက်တို့ဟာ နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်က ကွတ်ခိုင်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ တရားခံတွေကို မြို့နယ်တရားရုံးသို့ပို့ဆောင် တရားစွဲတင်ခဲ့ပြီး အပြန်မှာ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ည ၇ နာရီထိ စခန်းသို့ ပြန်လည် ရောက်ရှိခြင်း မရှိလို့ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရှာဖွေရာမှာ ည ၁၀ နာရီ ၂၅ မိနစ်မှာ ကောင်းလိမ်ရွာအနီး ပြည်ထောင်စုကားလမ်း မိုင်တိုင်အမှတ် ၂၃၃/၅-၆ အကြား ၎င်းတို့အသုံးပြုတဲ့ ဟွန်ဒါဖစ်ယာဉ်ကို တွေ့ရှိရပြီး ရဲတပ်ဖွဲ့ဝင် (၂) ဦးမှာ ပျောက်ဆုံးနေတယ်လို့ သတင်းမှာဖော်ပြပါတယ်။