Home
မြန်မာသတင်း
ဦးမျိုးရန်နောင်သိန်းကို အင်းစိန်အကျဉ်းထောင်ပို့
အာကာ
·
November 9, 2016
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့် အရေးယူခံထားရတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို ဒုတိယအကြိမ် ရမန်ယူလိုက်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။ ဒီကနေ့ လှိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ယူပြီးနောက် ပို့ဆောင်လိုက်တာလို့ ဦးမျိုးရန်နောင်သိန်းရဲ့ညီ ဦးမျိုးထိုက်တန်သိန်းက ပြောပါတယ်။ “ရမန်ထပ်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ အာမခံလည်း လျှောက်လို့မရသလို ရှေ့နေလည်း တင်လို့မရသေးပါဘူး။ တရားသူကြီးက လက်မခံပါဘူး။” ဦးမျိုးရန်နောင်သိန်းဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စော်ကားတဲ့ပို့စ်တွေ ရေးသားခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က တရားလိုအဖြစ် အမှုဖွင့် ဖမ်းဆီးအရေးယူထားတာဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့မှာ ရုံးချိန်း ထပ်မံချိန်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024