ကော့သောင်းတွင် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ဖမ်းဆီးရမိ
DVB
·
November 7, 2016
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်းနေ ဦးအေးနိုင် (ခ) သီဟ (ခ) မုဆိုးရဲ့ နေအိမ်ကနေ တောရိုင်းတိရစ္ဆာန် အရိုး၊ သားရေ၊ အခွံ၊ ဦးချိုတွေကို တူမီးသေနတ် ၂ လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်က တောရိုင်းတိရစ္ဆာန်အရိုးတွေထားရှိကြောင်း သတင်းရလို့ ကော့သောင်းခရိုင် သစ်တောဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွန်းနဲ့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က မုဆိုးရဲ့နေအိမ်ကို သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ ဦးအေးနိုင် (ခ) သီဟ (ခ) မုဆိုးကို ကော့သောင်းရဲစခန်းက ၁၉၉၄ တောရိုင်းတိရစ္ဆာန်၊ သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၅(က) / ၃၆(က) / ၃၇(က) အပြင် လက်နက်ပုဒ်မ ၁၉ (စ) နဲ့ပါ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - ပလုတ်