မြန်မာကာချုပ် တရုတ်ရေငုပ်သင်္ဘောအား ကြည့်ရှုလေ့လာ (ဓာတ်ပုံ)
DVB
·
November 4, 2016
တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်တဲ့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကွမ်ကျိုးမြို့ရှိ တရုတ်ရေတပ်သင်္ဘောကျင်းကို သွားရောက်ပြီး ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ရေငုပ်သင်္ဘောကို ကြည့်ရှုလေ့လာခဲ့ပါတယ်။
မြန်မာတပ်မတော်အကြီးအကဲဟာ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ် စစ်ဦးစီးချုပ်နဲ့ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေအပြင် တရုတ်သမ္မတ ရှီကျင်ပင်းနဲ့လည်း တွေ့ဆုံခဲ့ပြီး မနေ့ညနေပိုင်းက မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး