ချင်းပြည်နယ် သစ်တောထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 26, 2016
ချင်းပြည်နယ် သစ်တောထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ ခရိုင်စုပေါင်းရုံးခန်းမမှာ အောက်တိုဘာ ၂၆၊ ၂၇ ၂ ရက်တာ ကျင်းပနေပါတယ်။
ဆွေးနွေးပွဲကို ပြည်နယ်အစိုးရအဖွဲ့နှင့် အာရုဏ်ဦး လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပနေတာပါ။
ဒီပွဲကို ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ သစ်တောပြုန်းတီးမှုကာကွယ်ရေး၊ ပြန်လည်ပြုစုပျိုးထောင်ရေး၊ ဂေဟစနစ်ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်များ ထိန်းသိမ်းရေး၊ သဘာဝအရင်းအမြစ်များ ကာကွယ်စောင့်ရှောက်ရေး၊ အစုအဖွဲ့ပိုင်သစ်တောများ ပြုစုရေး၊ ရာသီဥတုပြောင်းလဲမှုကို လျော့နည်းအောင် လုပ်ဆောင်ရေးတို့ကို ၂ရက်တာအတွင်းဆွေးနွေးကြမှာဖြစ်ပါတယ်။