မလေးရှားထိန်းသိမ်းစခန်းရှိ မြန်မာ ၁၃၇ ဦးကို ပြန်လည်ခေါ်ယူ
DVB
·
October 6, 2016
မလေးရှားနိုင်ငံ၊ ကွာလမ်လာပူရှိ မြန်မာသံရုံးရဲ့ အစီအစဉ်နဲ့ မလေးရှား ထိန်းသိမ်းရေးစခန်းရောက် မြန်မာနိုင်ငံသား ၁၃၇ ဦးဟာ မနေ့က ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။
မြန်မာနိုင်ငံသား အလှူရှင်များရဲ့ အကူအညီနဲ့ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပြီး အောက်တိုဘာ ၅ ရက်အထိ မြန်မာနိုင်ငံသား ၁၅၀၀ ကျော်ကို ပြန်လည်ခေါ်ယူခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။