စိုက်ပျိုးမွေးမြူသမ လုပ်ငန်းများ လာဘ်ပေးလာဘ်ယူမှု ဖုန်းဆက် တိုင်ကြားနိုင်
DVB
·
October 5, 2016
စိုက်ပျိုးမွေးမြူနဲ့ သမ၀ါယမဌာနက လာဘ်ပေးလာဘ်ယူမှုလုပ်ရင် တိုင်ကြားနိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ ဖုန်းနံပါတ်တွေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ လုပ်ငန်းများ လုပ်ဆောင်တဲ့အခါ လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်ပွားခဲ့ရင် ဖြစ်စဉ်ကို တိတိကျကျ ဖော်ပြပြီး တိုင်ကြားနိုင်တယ်။ တိုင်ကြားမှုကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွေနဲ့အညီ စစ်ဆေးပြီး မှန်ရင် ထိထိရောက်ရောက် အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။