Home
မြန်မာသတင်း
ချင်းတွင်းမြစ်တွင်း စီးဆင်းခဲ့သည့် ရေမည်းကိစ္စ စစ်ကိုင်းတိုင်းအစိုးရ ရှင်းလင်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 28, 2016
ချင်းတွင်းမြစ်အတွင်း စီးဆင်းခဲ့တဲ့ ရေမည်းကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်နေပါတယ်။ ရေမည်းစီးဆင်းမှုအစီရင်ခံစာနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် နယ်/လုံဝန်ကြီးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေမည်းနဲ့ပတ်သက်ပြီး ရေကြောင်း၊ ကုန်းကြောင်း မှ ကိုယ်တိုင်သွားရောက်လေ့လာခဲ့သူများ၊ သတင်းမီဒီယာသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ ဩဂုတ်လ ၂၀ရက်နောက်ပိုင်းကစတင်ပြီး နန့်စလိန်ချောင်းမှစတင်ကာ ချင်းတွင်းမြစ်တလျှောက် ခန္တီး၊ ဟုမ္မလင်းမှ မင်းကင်းမြို့အထိ ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ ရေမည်းရခြင်းအကြောင်းအရင်းမှာ နန့်စလိန်ချောင်းအတွင်း ဂရဖိုက်ကာဗွန်များကြားသို့ ရေစိမ့်ဝင်ပြီး ပျော်ဝင်စီးဆင်းသွားလို့ဖြစ်တယ်လို့ လေ့လာရောအဖွဲ့မှ ဘူမိဗေဒပညာရှင်တဦးက ပြောပါတယ်။ ဂရဖိုက်ပျော်ဝင်ရေနဲ့ပတ်သက်ပြီး သောက်သုံးရန်မသင့်တာ၊ ဂရဖိုက်ကာဗွန်အခဲမှ အမှုန်အဖြစ် ပြောင်းလဲသွားပါက အန္တရာယ်ရှိနိုင်ခြင်း၊ ဂရဖိုက်ကာဗွန်ပျော်ဝင်ရေတွေက အောက်ဆီဂျင် နည်းပါးပြီး ရေနေသတ္တဝါ၊ ငါးအစရှိတဲ့သတ္တဝါများအသက်ဆုံးရှုံးနိုင်ခြင်း၊ သောက်သုံးပါက အသားပြာခြင်း၊ ယားယံခြင်းဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။ ရေမည်းနဲ့ပတ်သက်ပြီး ၁၀ ရက်ကျော်ကြာ လေ့လာခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024