အင်းတော်ဘူတာနှင့် နဘားဘူတာအကြား လူစီးရထား တံတားအောက်ထိုးကျ
DVB
·
September 24, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် အင်းတော်နဲ့ နဘားဘူတာအကြား တံတားအမှတ် ၄၃၁ မှာ စက်တင်ဘာ ၂၄ ရက် မနက် ၁၀ နာရီက မန္တလေး-မြစ်ကြီးနား အမှတ်-၄၁ အဆန်စာပို့ လူစီးရထားစက်ခေါင်း တံတားအောက်သို့ ထိုးကျမှုဖြစ်ပွားခဲ့ပါတယ်။
ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပေမယ့် ရထားစက်ခေါင်းမောင်းသူကတော့ ဦးခေါင်းမှာပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ရာနေရာကို နဘား၊ အင်းတော်မီးရထားဘူတာမှ တာဝန်ရှိသူတွေက သွားရောက်ပြုပြင်နေပြီး ရထားလမ်းပိုင်း ပြင်ဆင်ပြီးစီးမယ့်အချိန်ကိုတော့ မခန့်မှန်းနိုင်သေးဘူး လို့ အင်းတော်ဘူတာမှ ဒုရုံပိုင်လေး ကိုစိုးသူရဇော်က ပြောပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)