လီဆူစစ်ဘေးရှောင်ကလေးများ အနွေးထည်နှင့် ဖိနပ်များလိုအပ်နေ
ခွန်ဇော်ဦး
·
September 22, 2016
နမ္မတူမြို့မှာရှိတဲ့ လီဆူစစ်ရှောင်စခန်းက စစ်ဘေးရှောင်ကလေးငယ်တွေအတွက် အနွေးထည်နဲ့ ဖိနပ်တွေလိုအပ်နေပါတယ်။
“ဆောင်းရာသီရောက်လာပြီဆိုတော့ အနွေးထည်လေးတွေ ဘာလေးတွေ ကျောင်းသွားရင်ဝတ်ဆင်ပေးတယ်။ အနွေးထည်လေးတွေ ၀တ်ရမှာပေါ့။ အဲဒါကြောင့် အခက်အခဲတွေ နည်းနည်းရှိတယ်။ တချို့ကလေးတွေက ဖိနပ်မရှိဘူးဆိုတော့ ကျောင်း သွားရင်လည်း အခက်အခဲရှိတာပေါ့။ ကလေးတွေက ကျောင်းသားက အယောက် ၃၀ ကျော်ရှိတယ်။ အားလုံး ၇၀၊ ၈၀ လောက်ရှိတယ်။” လို့ စစ်ဘေးရှောင်တဦးက ပြောပါ တယ်။
စစ်ရှောင်တွေအတွက် သောက်သုံးရေလည်း အခက်အခဲရှိနေတယ်လို့ စခန်းတာ ၀န်ခံတဦးက အခုလိုပြောပါတယ်။
“ရေအခြေအနေက လုံးဝမကောင်းဘူး။ အခုတောင်ကျရေပဲ သုံးနေရတယ်။ သောက်ရေကျတော့လည်း အ၀ိစီပဲသုံးနေတယ်။ နောက်ပြီးတော့ လူကများတော့ မလောက်ဘူး။ နွေရာသီရောက်သွားပြီဆို တောင်ကျရေက မရှိတော့ဘူး။”
ဒါ့အပြင် စစ်ရှောင်တွေဟာ ယာယီတဲတွေမှာ နေထိုင်နေရတာကြောင့် ရေရှည် နေမယ်ဆိုရင် ခိုင်ခံ့တဲ့အဆောက်အဦတွေ လိုအပ်တယ်လို့ ဆိုပါတယ်။
“အခုကတော့ ယာယီအမိုးအကာ အိမ်လေးပေါ့နော်။ ဒါက သုံးလ၊ လေးလဆိုရင် တော့ သူက ပေါက်ပြဲသွားမယ့်ပုံရှိတယ်။ ဒါကြောင့်မို့ ရေရှည်ဆိုရင်တော့ လူနေအိမ် တွေလည်း လိုအပ်မယ်။” လို့ စစ်ဘေးရှောင် တဦးက ပြောပါတယ်။
ဒီစစ်ရှောင်တွေဟာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်၊ လွယ် ကျုံကျေးရွာအုပ်စုမှာ TNNA တအန်းတပ်မတော်နဲ့ RCSS ရှမ်းတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့လို့ နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ လီဆူတိုင်းရင်သားတွေ ဖြစ်ပါတယ်။