ဆိပ်ဖြူမြို့နယ်တွင် သိုးနှင့်ဆိတ်များ မိုးကြိုးစက်ကွင်းမိပြီး အစုလိုက်သေဆုံး
DVB
·
September 15, 2016
မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဒေါသာကျေးရွာနဲ့ ၂ မိုင်ခန့်အကွာ ချစ်ချောင်းအနားမှာ ဖျောက်ဆိပ်ပင် မိုးကြိုးထိမှန်တာကြောင့် ဆိတ်၊ သိုး ၆၃ ကောင် မိုးကြိုးစက်ကွင်းမိပြီး ဒီကနေ့မနက်က သေဆုံးသွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဒေါသာကျေးရွာသား ဦးလှမောင်ဌေး ပိုင်ဆိုင်တဲ့ ဆိတ် ၅၁ ကောင်နဲ့ ဦးသိန်းထွန်း ပိုင်ဆိုင်တဲ့ သိုး ၁၂ ကောင် စားကျက်ချ လွှတ်ကျောင်းချိန်မှာ မိုးကြိုးထိမှန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မိုးကြိုထိမှန်သေဆုံးခဲ့တဲ့ တိရစ္ဆာန်တွေကို သက်ဆိုင်ရာက မြေမြှုပ် သုတ်သင်ရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂၃ သိန်းကျော်ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မိုးကြိုထိမှန်မှုကြောင့် လူထိခိုက် သေဆုံးမှုတော့ မရှိပါဘူး။