Home
သတင်းဓာတ်ပုံ
တောင်ငူတွင် လွန်ခဲ့သည့်နှစ် ၅၀၀ ဝန်းကျင်က ရှေးဟောင်းဘုရားတဆူ တွေ့ရှိ
DVB
·
September 9, 2016
တောင်ငူမြို့မှာ မြေတူးရာမှာ နှစ် ၅၀၀ ၀န်းကျင်က ရှေးဟောင်းဘုရား ဆင်းတုတော်တဆူကို မနေ့က တွေ့ရှိခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီခွဲက တောင်ငူမြို့ (၁၈) ရပ်ကွက်ရှိ အိုးကုန်းချမ်းသာကြီး ဘုရားတောင်ဘက်အခြမ်းရှိ ချုံနွယ်တွေကို ရှင်းလင်းပြီး အုတ်ခဲကျိုးခင်းဖို့ အတွက် မြေတူးရာမှ အဆိုပါဘုရားဆင်းတုတော်ကို တွေ့ရှိခဲ့တာပါ။ “ကျနော် ညနေ ၃ နာရီခွဲ ၄ နာရီလောက်က မြေတူးနေတဲ့ အခါမှာမြေကြီးကို ပေါက်တူးနဲ့ရှပ်လိုက်တဲ့အခါမှာ အိုးအဝကိုတော့ တွေ့တယ်။ ဘာမှန်းလဲ မသိတော့ပေါက်တူးနဲ့ ဆွဲယူလိုက်တဲ့အခါ ဆင်းတုတော်ကို တွေ့လို့ ဂေါပကလူကြီး ဦးကြည်စိုးကို ပြောလိုက်တာ”လို့ စတင်တွေ့ရှိတဲ့ မြေတူးနေတဲ့ ကိုကျော်ရဲက ပြောပါတယ်။ ဘုရားဂေါပကဦးတိုးက “ကျနော်တို့ ဘုရားဆင်းတုတော်ရယ် ပတ္တမြားလား၊ ကျောက်နီလား၊ ဘုရားဌာပနာခေါ်မလား မသိဘူး။ အနီပွင့်လေးတွေ ၃၁ ပွင့် တွေ့တယ်။ ကျနော်တို့ကလည်း နားမလည်တော့ ဘုရားအာရုံခံတန်ဆောင်းထဲမှာပဲ လောလောဆယ် ပူဇော်ထားတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခလည်း လာသွားတယ်။ ရပ်ကွက်လူကြီးတွေလည်း လာတော့လာသွားတယ်။ ဘာဆက်လုပ်မလဲတော့ မသိဘူး။ ဘုရားအောက်ခြေအတွင်းဘက်မှာတော့ သက္က ၈၉၇ ခု တပိုဝ်လဆု ၉ လို့ပါတယ်လို့လည်း ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - ကိုသားကြီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024