တောင်တွင်းကြီး တံခွန်ထမင်းဆိုင် မီးလောင်
DVB
·
September 9, 2016
တောင်တွင်းကြီးမြို့မှာ ဒီနေ့ မနက်အစောပိုင်းက ပြည်လမ်း၊ အုန်းတော ၁ ရပ်ကွက်က တံခွန်ထမင်းဆိုင် နှစ်ထပ်အဆောက်အဦမှာ ဘက်ထရီးအားသွင်းရာကနေ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၆၈ ဦး၊ မီးသတ်ယာဉ် ၇ စီးနဲ့ ရေသယ်ယာဉ် ၁ စီးအပါဝင် ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်မှုကြောင့် တဦးဒဏ်ရာရရှိလို့ တောင်တွင်းကြီးမြို့နယ် ပြည်သူဆေးရုံကို ပို့ဆောင်ဆေးကုသခဲ့ရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ကျပ်ငွေ ၄ သိန်းခွဲဖိုးလေက် ဆုံးရှုံးခဲ့တယ်လို့ တောင်တွင်းကြီးမြို့နယ်မီးသတ်ဦးစီးမှူးရုံးက ပြောပါတယ်။
မီးလောင်မှုနဲ့ပတ်သက်လို့ ပိုင်ရှင်ဖြစ်သူ ဒေါ်ဖြူဖြူထိုက်ကို တောင်တွင်းကြီးမြို့နယ် မြို့မရဲစခန်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။
သတင်း/ဓာတ်ပုံ
သားကြီး (တောင်တွင်းကြီး)