အာဆီယံ ထိပ်သီးအစည်းအဝေးများ ဆက်လက်ကျင်းပ (ဓာတ်ပုံ)
DVB
·
September 7, 2016
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေကို ဆက်လက် ကျင်းပနေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေပါတယ်။
ဒီနေ့မနက် ၈း၃၀ နာရီကနေ ၁၂း၃၀ နာရီအထိ (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (သီးသန့်) (ASEAN Summit – Retreat)၊ ၁၉ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးနဲ့ ၂၅ နှစ်မြောက် အာဆီယံ-တရုတ်ဆွေးနွေးဘက် ဆက်ဆံရေး အထိမ်းအမှတ်ထိပ်သီးအစည်းအဝေး၊ ၁၉ ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်း အဝေးတွေ ကျင်းပနေပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း အဆိုပါ ထိပ်သီးအစည်းအဝေးတွေကို ပါဝင်တက်ရောက်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့နဲ့လည်း ဗီယင်ကျန်းမြို့ အမျိုးသားကွန်ဗင်းရှင်းစင်တာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ- မြန်မာကိုယ်စားလှယ်အဖွဲ့