စစ်ကိုင်းအလုပ်သမားသပိတ်က တရားလိုပြသက်သေလျော့ စစ်ဆေးမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 5, 2016
စစ်ကိုင်းအလုပ်သမားသပိတ်က တရားလိုပြ သက်သေတွေကို စက်တင်ဘာ ၅ ရက်နေ့မှာ စတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းအလုပ်သမားသပိတ် ရုံးထုတ်စစ်ဆေးတာဟာ (၉) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးတာဖြစ်ပြီး တရားလိုပြ သက်သေ ၃ ဦးကို ဒီနေ့ စစ်ဆေးခဲ့တာပါ။
"မီးသတ်ဦးစီးမှူး၊ တပ်ကုန်း ထွေ/အုပ်နဲ့ ဥတ္တရ ဒုခရိုင်မှူးစစ်ဆေးခဲ့တာပေါ့ တရားလိုပြ သက်သေက သက်သေခိုင်လုံအောင် သက်သေတွေများကြီးတင်ထားတယ်။ (တရားလိုပြ သက်သေ) စစ်ချက်တွေတူနေတော့ နည်းနိုင်သမျှနည်းအောင် ညှိထားတယ်"လို့ တပ်ကုန်းမြို့နယ် တရားသူကြီး ဦးအောင်ကျော်ဦးက ပြောဆိုခဲ့ပါတယ်။
သက်သေခိုင်လုံမှုရှိအောင် တရားလိုဘက်က သက်သေ ၃၂ ဦးကို တင်သွင်းထားတယ်လို့ သိရပါတယ်။
နောက်တစ်ကြိမ်ထုတ် စစ်ဆေးမှုကို စက်တင်ဘာလ ၁၄ ရက်နေ့ ချိန်းဆိုခဲ့ပါတယ်။