ဝတပ်ဖွဲ့ကို ငြိမ်းချမ်းရေးကော်မတီ သွားရောက်ညှိနှိုင်းမှု မအောင်မြင်
ကျော်ဇေယျာဝင်း
·
September 1, 2016
ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုယ်စားလှယ်တွေကို ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ တာဝန်ရှိသူတွေ သွားရောက်ညှိနှိုင်းခဲ့ပေမယ့် ဌာနချုပ်နဲ့ ဆက်လက်ညှိနှိုင်းဖို့ လိုတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြန်သွားကြပြီဖြစ်ပါတယ်။
‘၀’ကိုယ်စားလှယ်အဖွဲ့ ၉ ဦးပါတဲ့အဖွဲ့ကို တောင်ပိုင်းတိုင်း ဆက်ဆံရေးရုံးအရာရှိက ဦးဆောင်လာတာဖြစ်ပါတယ်။
ညီလာခံကျင်းပရေးကော်မတီဝင်တွေကတော့ အခု ကိစ္စဟာနားလည်မှု လွဲတာသာဖြစ်ပြီး သူတို့ အနေနဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနည်းတူ စီစဉ်ပေးထားတယ်လို့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးကော်မတီဝင် ဒေါက်တာဆလိုင်းလျှံမှုန်းဆာခေါင်းက ပြောပါတယ်။