ကျောက်တံခါးမြို့နယ်တွင် တရားမ၀င်သစ်ကား ဖမ်းမိ
DVB
·
August 20, 2016
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်၊ သံပရာခုံကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၉၂/၅ မှာ ဒီနေ့မနက် ၃ နာရီလောက်က တရားမ၀င် သစ်ကားတစီး ဖမ်းဆီရမိ ခဲ့ပါတယ်။
သတင်းအရ မြို့ချောင်းချက်ပွိုင့်အခြေပြု သစ်တောလုံခြုံရေးရဲတပ်ဖွဲ့တွေ၊ သစ်တောဦးစီးဌာနနဲ့ အမြန်လမ်းရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး တရားမ၀င်သစ်တွေ တင်ဆောင်လာတဲ့ 5E4028 ကားကို ကျောက်တံခါးမြို့နယ်၊ သံပရာခုံကျေးရွာဘက်မှ အမြန်လမ်းပေါ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးသွားတယ်လို့ မြို့ချောင်းစခန်း ဒုရဲမှူး ဌေးကြွယ်ကပြောပါတယ်။
ထွက်ပြေးသွားတဲ့ ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးမိရေ စုံစမ်းနေပြီး သစ်ကားကို မြို့ချောင်းစခန်း ယူဆောင်သွားပြီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ - အောင်စိုးမိုး