ယာဉ်မောင်းအိပ်ငိုက်၍ ကညွတ်ကွင်း၌ ကုန်တင်ယာဉ် တိမ်းမှောက်
DVB
·
August 15, 2016
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မြောက်ဘက် ရန်ကုန်- မန္တလေး လမ်းဟောင်း ပေါ်မှာ ၂၂ ဘီးတွဲကားတစီး ဒီမနက်စောစောပိုင်းက တိမ်းမှောက်ခဲ့ပါတယ်။
ရန်ကုန်ဘက်ကနေ မန္တလးကို မြေသြဇာအိတ်တွေ တင်ဆောင်လာတဲ့ နောက်တွဲ ယာဉ်ဟာ ယာဉ်မောင်း ထွန်းထွန်းနိုင် အိပ်ငိုက်ရာက လမ်းဘေးကို ထိုးကျတိမ်းမှောက်တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။
ရပ်ကွက်နေသူတဦးက “မနက် ၄ နာရီဝန်းကျင်ပဲ ဝုန်းဝုန်းဆိုတဲ့ အသံကြီး ကြားရတော့ ထွက်ကြည့်တယ်။ အဲဒီတော့ ကားက လမ်းပေါ်မှာ ပလက်ကြီးဖြစ်နေပြီ။ ဟိုဘက်ထဲက လမ်းဘေးကို ငိုက်ပြီး ဆွဲချလာတာ ဖြစ်မယ်”လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုအတွက် ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက် နေပါတယ်။
သတင်း၊ ဓာတ်ပုံ - ကျော်အောင် (ကညွတ်ကွင်း)