သြဂုတ် ၁၂ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
August 12, 2016
သြဂုတ်လ ၁၂ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၁၈၇ ကျပ်၊ ၁ ယူရိုငွေကို ၁၃၂၇ ဒသမ ၈ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၈၈၄ ဒသမ ၇၀ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၂၉၆ ဒသမ ၄၉ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၄ ဒသမ ၁၅ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၈၄၈ ၉၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၈၄၉ ၁၀၀ ကျပ် ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၃၄၀ ဒသမ ၂၀ ဒေါ်လာ ဈေးပေါက်ပါတယ်။