Home
မြန်မာသတင်း
မြစ်သာမြစ်ရေတိုက်စားမှုကြောင့် မြစ်သာမြစ်ကူးကြိုးတံတား ၅ ပေခန့်တိမ်းစောင်း
DVB
·
August 10, 2016
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်အတွင်းရှိ ဂန့်ဂေါမြို့နဲ့ ၃၈ မိုင်အကွာမှာရှိတဲ့ သာလင်း-မြင်သားမြစ်သာမြစ်ကူးကြိုးတံတားမှာ မြစ်ရေတိုက်စားမှုကြောင့် ဩဂုတ်လ ၄ နေ့က မြစ်အထက်ဖက်သို့ ၅ ပေခန့်တိမ်းစောင်းပြီး၊ ၁ ခွဲခန့်နိမ့်ဝင်မှုဖြစ်ပွားခဲ့ပါတယ်။ မြစ်သာမြစ်ကူးကြိုးတံတားကို ၂၀၀၆ ခုနှစ်က ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ကြတာဖြစ်ပြီး အလျား ၇၀၇ ပေ၊ အကျယ် ၆ ပေရှိကာ ကျေးရွာအုပ်စု နှစ်စုက ဒေသခံအိမ်ခြေပေါင်း နှစ်ထောင်ကျော်ရှိ ပြည်သူများ အဓိက သွားလာရတဲ့တံတားဖြစ်ပါတယ်။ အခုလို မြစ်ကူးကြိုးတံတားယိမ်းယိုင် တိမ်းစောင်းမှုကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုဦးစီးမှုး၊ မြို့နယ် ကျေးလက်ဖွံ့ဦးစီးမှုး၊ ဆောက်လုပ်ရေးမှ AE တို့နဲ့ ဒေသခံ ကျေးရွာအုပ်စုအုပ်ချုပ်ရေမှူးတွေ ဩဂုတ်လ ၈ ရက်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တံတားဖြတ်သန်းမှုကိုတော့ ပိတ်ပင်တာတွေမလုပ်သေးဘူးလို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - သန်းဝင်းနိုင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024