မှော်ဘီတိုးဂိတ်တွင် အုတ်သယ်ကား ဘရိတ်ပေါက်ပြီး ယာဉ်သုံးစီးဆင့်တိုက်
DVB
·
July 16, 2016
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီတိုးဂိတ်မှာ ဇူလိုင် ၁၅ ရက် နေ့လည် ၂ နာရီအချိန်က တိုက်ကြီးဘက်ကနေ မောင်းနှင်လာတဲ့ အုတ်သယ်ကားဟာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
အုတ်သယ်ကားဟာ ဘရိတ်ပေါက်ပြီး နောက် တဖက်ယာဉ်ကြောမှာရှိတဲ့ ရန်ကုန်ဘက်ကမောင်းနှင်လာတဲ့ Alpine သောက်ရေသန့် စက်ရုံဝန်ထမ်းကြိပို့ကားနဲ့ တောင်းအိပ်ကားကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မှော်ဘီမြို့နယ် ယာဉ်ထိမ်းရဲတပ်ဖွဲရုံးက ရဲအုပ်ထွန်းထွန်း က ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် အုတ်ကားပေါ်မှာ ပါလာတဲ့ အလုပ်သမား ၂ ဦး အုတ်တွေပိနေတဲ့အတွက် စက်ရုံဝန်ထမ်းတွေနဲ့ ပြည်သူတွေက ဝိုင်းဝန်ကူညီဆွဲထုတ်ခဲ့ရပြီး မှော်ဘီဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
မှော်ဘီယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မေသွယ်