ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ကနီမြို့နယ်အတွင်းရှိ သီးနှံစိုက်ခင်းများ ပျက်စီး
DVB
·
July 12, 2016
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်သူများစိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းဧက ရာကျော် ပျက်စီးခဲ့ရပါတယ်။
ကနီမြို့နယ်အတွင်းမှာရှိတဲ့ ကုန်းသာကျေးရွာ၊ ယင်းကျေးရွာ၊ ကျောက်လှေကားကျေးရွာ စတဲ့ ကျေးရွာ ၃ ရွာ စိုက်ပျိုးသီးနှံဧက ၁၆၃ ဧကလောက် ပျက်စီးခဲ့တာပါ။
အများစုစိုက်ခင်းမှာ နှမ်းသီးနှံ စိုက်ခင်းများဖြစ်ပြီး ကုန်းသာကျေးရွာမှာ ၉၄ ဧက၊ ယင်းကျေးရွာမှာ ၅၉ ဧက၊ ကျောက်လှေကားကျေးရွာမှာ ၁၀ ဧကလောက် စိုက်ခင်းတွေကို ရေဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
သတင်း - ဌေးလှိုင်