မြစ်ကြီးနား ကွန်ပြူတာတက္ကသိုလ်ကျောင်းသား သေဆုံးမှု ရဲနှင့်မေးမြန်းချက်
DVB
·
June 21, 2016
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက် ၁၈ နှစ်အရွယ် ကွန်ပြူတာတက္ကသိုလ်ကျောင်းသား တဦး မနေ့ညက သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
တပ်မတော်သား ၂ ဦးက သီတာရပ်ကွက် အုပ်ချုပ်ရေးမှူးထံ လာရောက်ဝန်ခံခဲ့ကြောင်းနဲ့ အုပ်ချုပ်ရေးမှူးက ရဲစခန်းကို လာရောက်အပ်နှံတယ်လို့ မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းက တာဝန်ကျရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
တပ်မတော်သား ၂ ဦးကို အမှတ် ၁ ရဲစခန်းက တရားလိုပြုပြီး လူသေမှုနဲ့ အမှုဖွင့်ထားပြီး တပ်မတော်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဒီကနေ့မွန်းလွဲ ၂ နာရီမှာ ဒီဗွီဘီက မေးမြန်းချက်ကို ဖြေဆိုခဲ့ပါတယ်။
အသံဖိုင်အပြည့်အစုံ နားထောင်ရန်...