ကျောင်းထိုင်ဆရာတော်ကို သတ်ပြီး ကျပ်သိန်းရာကျော် ဖောက်ထွင်းမှုဖြစ်ပွား
DVB
·
June 14, 2016
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်မှာ ကျောင်းထိုင်ဆရာတော်ကို သတ်ပြီး ကျပ်သိန်း ၁ ရာကျော် ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ပါတယ်။
စဥ့်ကူးမြို့နယ် လက်ပန်လှအုပ်စု ပြည်စိုးအောင်စာသင်တိုက် အာသောကကျောင်းမှ သက်တော် ၆၀ ဝါတော် ၄၀ ရှိ ကျောင်းထိုင်ဆရာတော်ဦးစီးပဒါန နာယကဆရာတော် ဘဒ္ဒန္တ ဉာဏဝံသ- သာသနဓမ္မာစရိယ- မဟာ ဂန္ထဝါစကပဏိတ ဆရာတော်ရဲ့ အလောင်းကို ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်းက တပည့်သံဃာတော်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အာသောကကျောင်းတိုက်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးနေတယ်လို့ သိရှိရပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်အောင်နိုင်