ချင်းတွင်းမြစ်တွင် ကုန်အမြန်ယာဉ်စက်လှေ တိမ်းမှောက်
DVB
·
May 26, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အနီး ချင်းတွင်းမြစ်ထဲမှာ မေလ ၂၆ ရက်နေ့ မနက်ပိုင်းက ကုန်အမြန်ယာဉ်စက်လှေတစီး တိမ်းမှောက်ခဲ့ပါတယ်။
မုံရွာမြို့နဲ့ နန့်တော ပြေးဆွဲနေတဲ့ စက်လှေဟာ အထက်ကင်းတွင်းရွာအနီး ရေဆန်ဆန်တက်စဉ် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ပါ ဆီပေပါ အလုံး ၄၀၀ ခန့်နဲ့ ကုန်တချို့ ရေနစ်မြုပ်ခဲ့ပါတယ်။
အနီးနားရှိကျေးရွာက တာဝန်ရှိသူတွေနဲ့ ရွာသားတွေက နစ်မြုပ်စက်လှေ ပြန်လည်ဆယ်ယူ ခဲ့ကြပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်ပါတယ်။
ရဲသတင်းရပ်ကွက်အဆိုအရ စက်လှေကို ပိုင်ရှင်ကိုယ်တိုင်မောင်းနှင်ပြီး စက်လှေ လုပ်သား ၅ ဦးလိုက်ပါပြီး ခရီးသည်မပါရှိဘူးလို့ သိရပါတယ်။
ချင်းတွင်းမြစ်ရေဟာ ရေကြောင်းပြောင်းလဲလေ့ရှိတာကြောင့် မကြာခဏ ရေယာဉ် တိမ်းမှောက်လေ့ ရှိပါတယ်။
သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး